Call for Volunteer Mentors : “Guiding Your Journey” Mentorship Program
အသက် (၁၈-၃၅) ကြားလူငယ်များအတွက် ရည်ရွယ်သောတစ်ဦးချင်းMentorshipအစီအစဉ် (One-on-One Individual Mentorship Program) အတွက် Mentor လျှောက်လွှာခေါ်ယူခြင်း
မိမိ၏ အတွေ့အကြုံ၊ အသိပညာ၊ ကျွမ်းကျင်မှုနှင့် အမြင်များကို မျှဝေခြင်းဖြင့် အဓိပ္ပါယ်ရှိသော အကျိုးသက်ရောက်မှုတည်ဆောက်လိုသူ၊ မိမိ၏ ခေါင်းဆောင်မှု နှင့် လမ်းညွှန်မှုစွမ်းရည်များတိုးတက်လာအောင်ပြုလုပ်လိုသူ နှင့် လိုအပ်နေသူများကို ကူညီထောက်ပံ့ဖို့ စိတ်အားထက်သန်ပြီး ဆန္ဒရှိသူများ Mentor အနေဖြင့် ပါဝင်ရန် လျှောက်ထားနိုင်ပါပြီ။
Areas of Focus:
● Educational Guidance and Support
● Career Development and Guidance
● Leadership and Self-Development
SHEowner သည် အဓိကအားဖြင့် အမျိုးသမီးများ အချင်းချင်း လမ်းညွှန်ပြသမှုနှင့်အတူ အပြန်အလှန် သင်ယူလေ့လာခြင်းမှတစ်ဆင့် အမျိုးသမီးများ စီးပွားရေးဆိုင်ရာ အသိပညာ ဗဟုသုတနှင့် စွမ်းဆာင်ရည်တိုးမြှင့်မားလာစေရန်၊အသက်မွေးဝမ်းကျောင်းဆိုင်ရာများအကောင်အထည်ဖော်လာနိုင်ဖို့ရန် နှင့် တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်ကတည်းက Mentorship Program များကိုလုပ်ဆောင်ပေးလျှက်ရှိသည်။ ဒီတခါမှာလည်း လူငယ်တွေအတွက်ရည်ရွယ်သော (Guiding Your Journey: One-on-One Individual Mentorship Program) (၄) လစီမံကိန်းတွင် လူငယ်များကို ပံ့ပိုးကူညီရန်ဆန္ဒရှိသော Mentorများကို ဖိတ်ခေါ်နေပါပြီ။ ဤ Program သည် စဉ်ဆက်မပြတ် လည်ပတ်လုပ်ဆောင်နေသော အစီအစဉ်တစ်ရပ်ဖြစ်၍ မည်သည့်အချိန်တွင်မဆို လျှောက်ထားနိုင်ပါသည်။
ဤ One-on-One Individual Mentorship Program တွင် ပါဝင်ရန်
1. Mentee/Mentor လျှောက်လွှာကို စာရင်းသွင်းပါ။
2. SHEowner မှ မိမိ၏ တွဲဖက် Mentee/Mentor ကို ရယူပါ။
3. Mentee/Mentor သဘောတူညီချက်လက်မှတ်ရေးထိုးပါ။
4. Mentoring skills & Guidelines training တက်ရောက်ပါ။
5. (၄) လ လမ်းညွှန်မှု (Mentoring) စတင်ပါ။
6. (၄) လ လမ်းညွှန်မှုဆက်ဆံရေး အဆုံးသပ်ပြီးမြှောက်ခြင်း လုပ်ဆောင်ပါ။
မှတ်ချက်-
● ဤလမ်းညွှန်မှုဆက်ဆံရေးအတွက် Mentee/Mentor နှစ်ဦးနှစ်ဖက်သည် ကိုယ်ပိုင်အပြည့်အ၀တာဝန်ယူ ကတိကဝတ်များဖြင့်လုပ်ဆောင်ရန်။
● တစ်လလျှင် အနည်းဆုံး (၃) နာရီ အချိန်ပေးရန်။
● ဤစီမံကိန်းသည် မြန်မာဘာသာစကားအခြေခံသော အခမဲ့ အစီအစဉ်တစ်ရပ်ဖြစ်သည်။
● သင့်အတွက် ကိုက်ညီသော Mentee/Mentor တွဲဖက်ပေးခြင်းလုပ်းငန်းစဉ်အတွက် အချိန်ကာလ (၂ – ၃)ပတ်ခန့်ကြာမြင့်ပြီးနောက် တွက်ဖက်ရလဒ်ရရှိမည်ဖြစ်သည်။
Call for Mentee Applications: “Guiding Your Journey” Mentorship Program
အသက် (၁၈-၃၅) ကြားလူငယ်များအတွက် တစ်ဦးချင်းMentorshipအစီအစဉ် (One-on-One Individual Mentorship Program) အတွက် လျှောက်လွှာခေါ်ယူခြင်း
မိမိကိုယ်မိမိ ဒီလိုမေးခွန်းမျိုးတွေ မေးမိနေပါသလား? အဲ့တာဆိုရင်ဒီထဲကဘယ်အချက်တွေက လက်ရှိသင့်ရဲ့အခြေအနေနဲ့ ထပ်တူကျနေလဲဆိုတာအရင်စဉ်းစားကြည့်လိုက်ပါ။
● ဒီအလုပ်လုပ်ရင် ဘယ်လိုများဖြစ်မလဲဆိုတာ လေ့လာချင်ပေမယ့် ဘယ်သူကို မေးရမှန်း မသိဘူးဖြစ်နေတယ်။
● ဘ၀ရည်မှန်းချက်ပန်းတိုင် နှင့် Career Goals တွေကိုရှာဖွေဖော်ထုတ်ဖို့ အကူအညီပေးနိုင်တဲ့သူ လိုအပ်နေတယ်။
● မတူညီတဲ့ အသက်မွေးဝမ်းကျောင်းနယ်ပယ်အမျိုးမျိုးကို စိတ်ဝင်စားနေပြီး ဘယ်ဟာက ကိုယ့်အတွက် အကောင်းဆုံးလမ်းကြောင်းလဲဆိုတာ မသိဘူးဖြစ်နေတယ်။
● ကျွန်တော်မှာ အစီအစဉ်(သို) အကြံအဉာဏ်ရှိပေမယ့် ကျွန်တော်နှင့်အတူ အလုပ်တွဲလုပ်ဖို့ စိတ်ဝင်စားတဲ့ သူကို ရှာဖွေချင်တယ်။
● အဆင့်မြင့်ပညာရေးလမ်းကြောင်းစတင်ဖို့ လမ်းစရှာချင်တင် Scholarship တွေလျှောက်ချင်ပေမယ့် ဘယ်ကနေ ဘယ်လိုစတင်ရမယ်ဆိုတာမျိုး မသိနေဘူး လမ်းညွှန်ပေးနိုင်မယ့်သူလိုအပ်နေတယ်။
ဒီလိုအခြေအနေမျိုးထဲက တစ်ခုခုနဲ့ သင့်လက်ရှိအခြေအနေနဲ့ထပ်တူညီကျနေတယ်ဆိုရင်တော့ Mentorနှင့်အတူ အလုပ်တွဲလုပ်ခြင်းက သင်တွက်ထိရောက်တဲ့အကျိုးတစ်စုံတရာရှိလာမည် ဖြစ်သည်။
Areas of Focus:
● Educational Guidance and Support
● Career Development and Guidance
● Leadership and Self-Development
SHEowner သည် အဓိကအားဖြင့် အမျိုးသမီးများ အချင်းချင်း လမ်းညွှန်ပြသမှုနှင့်အတူ အပြန်အလှန် သင်ယူလေ့လာခြင်းမှတစ်ဆင့် အမျိုးသမီးများ စီးပွားရေးဆိုင်ရာ အသိပညာ ဗဟုသုတနှင့် စွမ်းဆာင်ရည်တိုးမြှင့်မားလာစေရန်၊အသက်မွေးဝမ်းကျောင်းဆိုင်ရာများအကောင်အထည်ဖော်လာနိုင်ဖို့ရန် နှင့် တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်ကတည်းက Mentorship Program များကိုလုပ်ဆောင်ပေးလျှက်ရှိသည်။ ဒီတခါမှာလည်း လူငယ်တွေအတွက်ရည်ရွယ်သော (Guiding Your Journey: One-on-One Individual Mentorship) (၄) လအခမဲ့စီမံကိန်းအတွက် လျှောက်လွှာများစတင်လက်ခံနေပါပြီ။ ဤ One-to-One Individual Mentorship Program သည် စဉ်ဆက်မပြတ် လည်ပတ်လုပ်ဆောင်နေသော အစီအစဉ်တစ်ရပ်ဖြစ်၍ မည်သည့်အချိန်တွင်မဆို လျှောက်ထားနိုင်ပါသည်။
လူငယ်တစ်ယောက်အနေနဲ့ အောက်ပါဖော်ပြပါအချက်များလိုအပ်နေပါက ဤစီမံကိန်းတွင်ပါဝင်ပြီး Mentor ရယူပါ။
● ပညာရေးလမ်းကြောင်းဆိုင်ရာ လမ်းညွှန်မှု
● အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကောင်အထည်ဖော်ရန် လမ်းညွှန်မှု
● ခေါင်းဆာင်မှုစွမ်းရည်နှင့် တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှု
● စိတ်လူမှုအထောက်အပံ့ နှင့်
● ကွန်ယက်ချိတ်ဆက်မှု
ဤ One-to-One Individual Mentorship Program တွင် ပါဝင်ရန်
1. Mentee/Mentor လျှောက်လွှာကို စာရင်းသွင်းပါ။
2. SHEowner မှ မိမိ၏ တွဲဖက် Mentee/Mentor ကို ရယူပါ။
3. Mentee/Mentor သဘောတူညီချက်လက်မှတ်ရေးထိုးပါ။
4. Mentoring skills & Guidelines training တက်ရောက်ပါ။
5. (၄) လ လမ်းညွှန်မှု (Mentoring) စတင်ပါ။
6. (၄) လ လမ်းညွှန်မှုဆက်ဆံရေး အဆုံးသပ်ပြီးမြှောက်ခြင်း လုပ်ဆောင်ပါ။
မှတ်ချက်-
● ဤလမ်းညွှန်မှု( mentoring relationship) ဆက်ဆံရေးအတွက် Mentee/Mentor နှစ်ဦးနှစ်ဖက်သည် ကိုယ်ပိုင်အပြည့်အ၀တာဝန်ယူ ကတိကဝတ်များဖြင့်လုပ်ဆောင်ရန်။
● တစ်လလျှင် အနည်းဆုံး (၃) နာရီ အချိန်ပေးရန်။
● Mentee သည် (၄) လတာအတွင်း မိမိတိုးတက်လိုသောအရာအတွက် တိကျသော ပန်းတိုင် (Goal Setting) ချမှတ်ထားရန်။
● ဤစီမံကိန်းသည် မြန်မာဘာသာစကားအခြေခံသော အစီအစဉ်တစ်ရပ်ဖြစ်သည်။
● သင့်အတွက် ကိုက်ညီသော Mentee/Mentor တွဲဖက်ပေးခြင်းလုပ်းငန်းစဉ်အတွက် အချိန်ကာလ (၂ – ၃)ပတ်ခန့်ကြာမြင့်ပြီးနောက် တွက်ဖက်ရလဒ်ရရှိမည်ဖြစ်သည်။
Useful Links
Newsletter
Join our subscribers list to get the instant latest news and special offers.
@2026 SHEowner Business Mentorship. Design & Developed by Salt & Pixel