The current Business Training program is in progress. Applications for the next batch will be accepted next year. We appreciate your interest. (လက်ရှိအပတ်စဥ်(၄)အတန်းသည် စတင်နေပြီဖြစ်၍ နောက်နှစ်အတွင်းအပတ်စဥ်အသစ်များထပ်မံပြုလုပ်ပေးသွားမည်ဖြစ်သည်၊၊)
Call for Applications: Business Plan Training (Free Course)
“Generate and Start Your Business with Business Plan”
သိသလောက်နဲ့လုပ်ငန်းစတင်ခဲ့ပေမယ့် စည်းစနစ်မကျဘဲ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေနဲ့ကြုံနေရပါသလား။
လုပ်ငန်းစတင်အကောင်အထည်ဖော်ချင်ပေမဲ့ ဘယ်ကနေစလုပ်ရမှန်းမသိဖြစ်နေပါသလား။
စီးပွားရေးလုပ်ငန်းတစ်ခု စတင်တာမခက်ခဲပေမယ့် စီးပွားရေးစီမံချက်တွေနဲ့ သေချာမသွားဘူးဆိုရင် နောက်ပိုင်းရေရှည်ရပ်တည်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒါကြောင့် မိမိရဲ့စီးပွားရေးကို ရေရှည်စနစ်တကျနဲ့သွားနိုင်ဖို့ စီမံကိန်းတစ်ရပ်သေချာရေးဆွဲပြီး စတင်ဖို့က အလွန်အရေးကြီးပါတယ်။ လုပ်ငန်းစတင်ဖို့ ဘာတွေပြင်ဆင်ရမလဲ၊ ဘာတွေကြုံတွေ့လာနိုင်မလဲ၊ ကြုံတွေ့လာနိုင်တဲ့အရာတွေကိုလည်း ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကအစ စျေးကွက်အခြေအနေ သုံးသပ်တာအဆုံး အကုန်အရေးကြီးပါတယ်။
ကိုယ်ရဲ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ “Generate and Start Your Business with Business Plan” အခမဲ့ (၂) လတာသင်တန်းက သင့်ရဲ့လုပ်ငန်းကို စနစ်တကျဖြစ်အောင် ကူညီပေးမှာမို့ အချိန်ပေးပြီးတက်ရောက်နိုင်သူများ စာရင်းသွင်းလို့ရပါပြီ။
သင်တန်းတက်ပြီး ဒီအချက်တွေကိုရရှိမှာဖြစ်ပါတယ်
1. လုပ်ငန်းတစ်ခုမှာအောင်မြင်ဖို့ Business Planရဲ့ အရေးပါမှုကို နားလည်လာမယ်။
2. ကိုယ့်ရဲ့ Business ideas ပေါ်မူတည်ပြီး Vision & Mission တွေကို ရှင်းရှင်းလင်းလင်း ရေးတက်လာမယ်။
3. လက်ရှိလုပ်ငန်းမှာကြုံတွေ့နေရတာတွေကို SWOT Analysis လုပ်ပြီး ဖြေရှင်းတက်လာမယ်။
4. လိုအပ်သော Marketing & Sales မဟာဗျူဟာတွေကို သိရှိလာပြီး လက်တွေ့ရေးဆွဲ တက်လာမယ်။
5. လုပ်ငန်းတွင်း စီမံခန့်ခွဲမှု စနစ်တကျလုပ်နိုင်လာမယ်။
6. ဘဏ္ဍာရေးဆိုင်ရာ စီမံချက်များပြုလုပ်နိုင်လာမယ်။
7. ကိုယ်တိုင် Business Plan တစ်ခုရေးဆွဲနိုင်လာရုံသာမက လိုအပ်တဲ့အကြံပြုချက်တွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။
📍လျှောက်ထားနိုင်သူများမှာ-
၁) အသက် (၁၈) နှစ်နှင့် အထက်ရှိသော အမျိုးသမီး
၂) စီးပွားရေးလုပ်ငန်းတစ်ခုခု စတင်အကောင်အထည်ဖော်ဆောင်ဖို့ ပြင်ဆင်နေသူ
၃) မိမိစတင်လုပ်ဆောင်နေသောလုပ်ငန်းကို စနစ်တကျစီမံချက်တွေနဲ့ သေချာရေးဆွဲပြင်ဆင်လိုသူ
၄)စီးပွားရေးစီမံကိန်းတစ်ရပ်ကို သေချာရေးဆွဲထားလိုသူ
၅) သင်တန်း (၂လ) အဆုံးထိပြီးမြှောက်အောင် မပျက်မကွက်တက်ရောက်နိုင်သူ
၆) မိမိ၏စီးပွားရေးစီမံကိန်းတစ်ရပ်ကို သေချာအချိန်ပေးရေးဆွဲထားနိုင်သူ
၇) အင်တာနက်ကောင်းစွာရရှိသော နေရာတွင် နေထိုင်နေသူ
သင်တန်းက (၂) လတာကြာမြင့်မှာဖြစ်ပြီး စုစုပေါင်းနာရီ (၄၀) အချိန်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ သင်တန်းအချိန်တွေကတော့ (ရုံးချိန်လွတ်)မြန်မာစံတော်ချိန် ညပိုင်း ၇နာရီ မှ ၉း၃၀ နာရီဖြစ်ပြီး၊ သင်တန်းရက်တွေကတော့ ကြာသပတေး၊ သောြကာ နှင့် စနေနေ့ တစ်ပတ် (၃) ရက် သွားမှာဖြစ်ပါတယ်။ အောက်တိုဘာလ (၂၄) ရက်နေ့ကနေ Zoom Platform ဖြင့် သင်တန်းစတင်မှာ ဖြစ်ပါတယ်။
လူဦးရေအကန့်အသတ်ရှိသောကြောင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့ (စနေနေ့) တွင် နောက်ဆုံးထား၍ အမြန်ဆုံး လျှောက်လွှာ (Register) ဖြည့်စွက်ပေးရန် အသိပေးတိုက်တွန်း လိုပါသည်။ တခြားသူများ အခွင့်အရေးမဆုံးရှုံးရလေအောင် အမှန်တကယ်လိုအပ်ပြီး အဆုံးထိ သေချာအချိန်ပေးတက်ရောက်နိုင်သူများသာ လျှောက်လွှာဖြည့်ပေးပါရန်။
𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦: Click Here
သင်တန်းသူများ ရွေးချယ်ရာတွင် လျှောက်လွှာကို သေချာဖြည့်စွက်ထားပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသော ဆန်ခါတင်စာရင်းဝင် (Only Shortlisted Applicants) များကိုသာ အီးမေးလ် (သို) ဖုန်းမှ တစ်ဆင့် ဆက်သွယ်လာမည်ဖြစ်ပြီး အင်တာဗျူးခြင်းများ ဆက်လက်လုပ်ဆောင်သွားပါမယ်။
Useful Links
Newsletter
Join our subscribers list to get the instant latest news and special offers.
@2026 SHEowner Business Mentorship. Design & Developed by Salt & Pixel