Slide SHEowner မှာ ပါဝင်ခွင့်ရတာကြောင့် ကိုယ့် Brand Identity နဲ့ Customer Persona ကို သေချာတည်ဆောက်တတ်လာပါတယ်။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလဲ မြင်လာပြီး ပိုတိုးတက်အောင် ပြင်ဆင်ရမဲ့အချက်တွေ၊ လေ့လာရမဲ့ အပိုင်းတွေ သိမြင်လာပါတယ်။ တခြား Service Provider တွေနဲ့ အဆင်ပြေအောင် ပြောဆိုဆက်ဆံရမဲ့ နည်းလမ်းတွေသိလာပါတယ်။ ဒီ Program လေးကို အကောင်အထည်ဖော်ပေးတဲ့ SHEowner Team ကို ကျေးဇူးအများကြီးတင်ပါတယ်။ အပင်ပန်းခံပြီး Mentee တွေကို တစ်ပတ်တစ်ခါ သေချာ Follow up လိုက်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်နော်။ Ei Kyar Phyu Toe Owner of Local Clothing Brand
(Before & After Boutique)
Yangon
Slide As a mentee in the SHEowner program, I benefited greatly. Initially, I had no idea what to expect, but after meeting my mentor, I felt I had a supportive sister. Even after the program ended, my mentor continued to assist me whenever I needed help. With her guidance, I was able to restart my educational journey and gain insights into running a small business. I am deeply grateful for her support. Such mentoring programs benefit women and girls in Myanmar, which is still uncommon.
I am currently pursuing the goals I set with my mentor, and I would like to encourage other women to join and benefit from the SHEowner program. I wish the SHEowner Business Mentorship continued growth
Hnin Si Swe Yangon
Slide SHEowner Program ကိုမလျှောက်ခင် ၅လလောက်တုန်းက ကျွန်မ စိတ်ဓာတ်ကျသလို ကိုယ့်ကိုကိုယ်အားမရသလိုဖြစ်နခဲ့ပြီး သင်ယူ‌လေ့လာလိုစိတ်လည်း ပျောက်ဆုံးလာတာကို ခံစားနေခဲ့ရပါတယ်။ SHEowner ရဲ့ Mentorship Program ကိုတွေ့တော့ သေချာလ့လာကြည့်ပြီး စိတ်ဝင်စားလို့လျှာက်ကြည့်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့‌ရွေးချယ်ခံခဲ့ရပါတယ်ရှင်။ ကျွန်မစိတ်ပိုင်းဆိုင်ရာနဲ့ Personal Development အတွက် Mentor ရှာဖို့လုပ်ခဲ့ပြီး SHEowner အဖွဲ့မှလည်း သင့်တော်တဲ့ Mentor ကိုချိတ်ဆက်‌ပေးခဲ့တယ်။ Mentor အမက သေချာဂရုတစိုက် နားထာင်ပေးတတ်တဲ့အပြင် သင့်တော်တဲ့ ကောက်ချက်ချမှု အကြံပေးမှု တွေအများကြီး လုပ်ပေးခဲ့ပါတယ်။ Program စပြီး 2လအကြာမှာ ကျွန်မ ကိုယ့်ကိုကိုယ် ယုံကြည်မှုပြန်ရလာပါတယ်။ ပညာဆက်လ့လာလိုစိတ်တွရလာပြီး သင်တန်းအသစ်တစ်ခုတက်နိုင်ခဲ့ပါတယ်။ စိတ်ခွန်အား‌တွေ ပြန်ရလာတယ်ကိုယ့်ကိုကိုယ် ဘာဖြစ်နေလဲသတိထားတတ်လာတယ်။ ဘယ်လိုပြန်အားယူရမလဲသိလာတယ်။အခြေအနေတွေကို လက်ခံတတ်လာပြီး ကျော်ဖြတ်နိုင်လာတယ်။ စိတ်ပိုင်းဆိုင်ရာတွက အရေးမကြီးသလိုနဲ့ သိပ်အရးကြီးပါတယ် ကျွန်မ ကိုယ့်စိတ်ကို ပြန်နားလည်လာတာက သိပ်ကိုတန်ဖိုးရှိပါတယ်။ ဘာဖြစ်ချင်လဲသိလာတယ် သွားရမယ့်လမ်းကြာင်းက ထင်ရှားလာတယ်။ ကိုယ်သွားချင်တဲ့လမ်းကို ဆက်လျှောက်ဖို့ ခွန်အားတွရလာတယ်။ ၄လ ပြည့်တဲ့အခါ Carrier Development, Personal Development and Mental Health ပိုင်းတွေမှာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ နောက်ထပ်ပြီးကိုယ် ဘာဆက်လုပ်မယ်ဆိုတာလည်း ဆုံးဖြတ်နိုင်ပီ။ စိတ်ထားတတ်အောင်လည်း ကြိုးစားနေပြီး mentor အမပြောသလို အစွန်းနှစ်ဘက် မရောက်‌အောင်နေပြီး သင့်တင့်မျှတတဲ့ စိတ်ချမ်းသာရမယ့် ဘဝကို ဆက်လျှောက်ဖို့ ကြိုးစားလျက်ရှိနေပါပြီ။ Mentor အမရဲ့ မေတ္တာ စေတနာထားတာကို ခံစားရရှိပြီး ကျေးဇူးလည်းအရမ်းတင်ပါတယ်။ ဒီ program ကို join ခွင့်ရတာဟာ တကယ့်အပြာင်းအလဲပါပဲ။
SHEowner Team ကို အထူးကျေးဇူးတင်ပါတယ်။ နောက် Program တွေလည်း အလျဉ်းသင့်သလို ဆက်လက်ပါဝင်လိုပါတယ်ရှင်။
Chan Myae Myint Naing Finance and Operations Officer
The International Legal Foundation
Mandalay
Slide ရှေးဦးစွာ SHEowner နဲ့တွေ့ဆုံခွင့်ပေးတဲ့ ဘုရားသခင်ကို အရမ်းကျေးဇူးတင်တယ်။ မေရီ ဒီ SHEowner နဲ့မတွေ့ခင် အလုပ်တစ်ခုကို မယ်မယ်ရရ မလုပ်နိုင်ခဲ့ဘူး လမ်းတွေပျောက်နေတာပေါ့။ SHEowner နဲ့ တွေ့တဲ့နောက်တော့ ကိုယ်လုပ်ချင်နေခဲ့တဲ့လုပ်ငန်းကို Mentor ရဲ့ အားပေးမှု၊ လမ်းညွှန်မှုနှင့် သွန်သင်မှုတွေကြောင့် အခုဆိုရင် Clothing Fashion Design School နဲ့ Local Brand အိမ်အထည်ချုပ်စက်ရုံအသေးလေးလုပ်ကိုင်နိုင်နေပါပြီ။ရှေ့ဆက်ပြီးတော့လည်း မိန်းကလေးများအတွက် အရမ်းအကျိုးရှိတဲ့ ခုလိုအစီစဉ်ကောင်းလေးတွေ ထပ်လုပ်ပေးဖို့ SHEowner နဲ့ Mentor တွေတောင်းဆိုချင်ပါတယ်။ အတွေ့အကြုံကောင်းတွေနဲ့ လမ်းညွှန်ပေးခဲ့တဲ့ Mentor အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ Mary Lu Awng Owner of MLA (Fashion Design School)
Yangon
Slide ဝန်ထမ်းဘဝကနေ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးအနေဖြင့် “Inn Cotton” အင်းလေးချည်ထည်အမျိုးမျိုး လက်လီ/လက်ကားရောင်းဝယ်ရေးနှင့် လက်ရက်ကန်းလုပ်ငန်း ကို လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးအကြောင်းကို သေချာနားမလည်တော့ သိပ်အလုပ်မတွင်ခဲ့ပါဘူး။ ကိုယ့်ကို အားမရဖြစ်နေရင်းကနေ ဒီ Business Mentorship Program ကို တွေ့ရှိ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အရမ်းပျော်မိပါတယ်။ Program ကို (၄) လတာ ပါဝင် ပြီးနောက်မှာကျွန်မရဲ့ တနိုင်တပိုင်စီးပွားရေးဟာ အများကြီးပြောင်းလဲလာခဲ့ပါတယ်။ လုပ်ငန်းဟာ ပိုပြီးစနစ်တကျရှိလာခဲ့ပါတယ်၊ ငွေကြေးပိုင်းစီမံခန့်ခွဲမှုပိုင်းရော၊ လုပ်ငန်းအပေါ် စီမံခန့်ခွဲမှုအပိုင်း၊ online Business Strategy ပါသာမက Customer Care အကြောင်းတွေသိရှိလာခဲ့ပါတယ်။ ဒါတွေကို လုပ်ငန်းမှာ ဘာတွေလုပ်သင့်တယ်ဆိုတာကို Mentor ကနေ အနီးကပ်သေချာ ပြောပြဆွေးနွေးပေးခဲ့တဲ့အတွက် အကြီးမားဆုံး အကျိုးရလဒ်အနေနဲ့ မနှစ် (၁)နှစ်လုံးရဲ့ ရောင်းအားဟာ ခုဆို (၁)လလောက်နဲ့ အဲဒီ ပမာဏရောင်းရခဲ့ပါတယ်ရှင့်။ Network လည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီး တခြားသော စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေမှာပါ ပါဝင်လာနိုင်ခဲ့ပါတယ်။ စေတနာဖြင့် Online မှာသာမက လူတွေ့အပြင်မှာပါ အနီးကပ် လမ်းညွှန်မှုပေးခဲ့တဲ့ Mentor ကိုရော ၊ SHEowner မှ ပံ့ပိုးပေးမှုများကိုပါ ကျေးဇူးတင်လျက်ပါရှင့်။ Sein Cherry Win Owner of Inn Thar
(လက်ရက်ကန်းလုပ်ငန်းနှင့် အင်းလေးချည်ပိတ်အမျိုးမျိုးရောင်း၀ယ်ရေး)
Yangon
Slide ကျောင်းတက်ရင်းနဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့စိတ်ဘဲရှိခဲ့ပြီးဘယ်ကစရမလဲမသိဘူးဖြစ်နေခဲ့တယ်။သူငယ်ချင်းရဲ့မိတ်ဆက်ပေးမှုနဲ့SHEowner မှာ ပါဝင်ခဲ့ပြီးနောက်တော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့စိတ်တွေပိုခိုင်မာလာခဲ့ပါတယ်။ စီးပွါးရေးလုပ်ဖို့ဘယ်လိုအချက်တွေလိုတယ်၊ဘယ်ကစလုပ်ရမလဲဆိုတာတွေလမ်းပြပေးပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာလည်းတိုးတက်လာတယ်။ အတွေးအမြင်အသစ်တွေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာခဲ့ပါတယ်။ဒီ Program ကျေးဇူးကြောင့် ကိုယ်ပိုင် သင်တန်းကျောင်းဖွင့်နိုင်ဖို့ အကူညီလဲအများကြီးရတဲ့အပြင် Company License တွေကအစ လုပ်နိုင်ခဲ့တယ်။ ဆရာတစ်ယောက်ရထားသလိုဘဲ Mentor ကနေ မေးသမျှဆွေးနွေးပေပြီး ပြောသမျှလဲ နားထောင်ပေးပါတယ်။ ဒီလိုအစီအစဉ်ရှိတာက စီးပွါးရေးလုပ်ဖို့စိတ်ကူးရှိတဲ့လူငယ်သာမက လူတိုင်းအတွက် အရမ်းကောင်းတဲ့program တစါခုဖြစ်တယ်လို့မြင်မိပါတယ်။ Lu Lu Pan Owner of First Step to Korea _Korea Language (Jaw Jau Company Limited)
Yangon
Slide I joined the SHE owner mentorship program in June 2022. I aim to become more professional and well-qualified in my career. I got many benefits from this program. I became more empowered in my personal development. I have more confidence in public speaking. This program changed a lot of my life. I saw my future version during this mentorship program. The SHEowner mentorship program helps many women to be empowered in their lives and become the best versions of themselves Dr. Mya Wut Yee Professional Life Coach
Yangon
Slide အရင်က အလုပ်တစ်ခု စလုပ်ဖို့ ချီတုံ ချတုံဖြစ်နေတဲ့ ကျွန်မစိတ်တွေက အခု SHEowner ကလုပ်ပေးတဲ့ mentorship (၄) လတာ program မှာ ပါ၀င်ခြင်းဖြင့် ကျွန်မကိုယ်ကျွန်မ လုပ်ငန်းတစ်ခု လုပ်ဖို့ ယုံကြည် မှု ရှိလာတယ်။ အခုဆို ရန်ကုန်မှာ Street food ဖြစ်တဲ့ (ရေဘ၀ဲလုံးကြော်၊ အာလူးကြော်၊ ပိုးတီကြော်) နှင့် အအေးဆိုင်လေး စဖွင့်နိုင်နေပါပြီ။ ဆိုင်ခွဲ ၃ ဆိုင်တောင် ဖွင့်နေပါပြီ။ SHEownerမှာပါဝင်ခဲ့ခြင်းအားဖြင့်စိတ်ဓာတ်ခွန်အားနှင့်စွမ်းရည်အများကြီးတိုးတက်ပြောင်းလဲမှုရရှိခဲ့ပါတယ်။ အဲလို လုပ်ပေးတဲ့အတွက် SHEowner နှင့် mentor ကို ကျေးဇူးအများကြီး တင်ပါတယ်။ Phyo Phyo Thu Owner of OPA Street Food Shop
Yangon
Mentor’s Dos
  • Do provide guidance, support, and feedback to your mentee.
  • Do share your knowledge, skills, and experiences openly.
  • Do actively listen and pay attention to your mentee’s needs and goals.
  • Provide guidance based on past experiences
  • To facilitate opportunities for growth and development.
  • Help mentee identify problems and solutions
  • Do respect your mentee’s perspective and individuality
  • Create a positive relationship and climate of open communication and trust
  • Challenge the mentee to think critically, explore new ideas
  • Share stories, including mistakes
  • Solicit feedback from your mentee
  • Come prepared for each interaction
  • Open up your network
  • Counsel that failing is OK
  • Give examples
  • Motivate
Mentee’s Dos
  • Don’t expect the mentor to do all the work for you.
  • Don’t be afraid to ask for help or clarification when needed.
  • Don’t neglect mentor’s times, and the mentoring relationship.
  • Don’t forget to follow through on commitments or action items.
  • Don’t expect your mentor to do the work or tell you what to do
  • Don’t become dependent on your mentor
  • Don’t be over-awed by your mentor – mentors are doing this because they want to
  • Don’t be too passive
  • Don’t break trust
  • Don’t cancel meetings at short notice
  • Don’t involve your mentor in your problems; they are not psychologists.
Mentee’s Don'ts
  • Don’t expect the mentor to do all the work for you.
  • Don’t be afraid to ask for help or clarification when needed.
  • Don’t neglect mentor’s times, and the mentoring relationship.
  • Don’t forget to follow through on commitments or action items.
  • Don’t expect your mentor to do the work or tell you what to do
  • Don’t become dependent on your mentor
  • Don’t be over-awed by your mentor – mentors are doing this because they want to
  • Don’t be too passive
  • Don’t break trust
  • Don’t cancel meetings at short notice
  • Don’t involve your mentor in your problems; they are not psychologists.
Mentor’s Don'ts
  • Don’t impose your agenda or priorities on the mentee.
  • Don’t be overly critical or judgmental in your feedback.
  • Pay attention to providing constructive support and encouragement.
  • Don’t make assumptions or decisions for the mentee without their input.
  • Don’t intervene too quickly with advice
  • Don’t create a dependency
  • Don’t make this about you – this is about your mentee
  • Don’t expect your mentee to stroke your ego
  • Don’t break trust
  • Don’t get involved in your mentee’s problems – you are not a psychologist
  • Don’t become involved personally with your mentee!
Mentor's Preparation
  • Clarify why you want to be a mentor and what your mentoring approach is.
  • Familiarize yourself with the Mentee’s background, including their work experience, education, and goals.
  • Set clear boundaries and expectations- establish what you can offer as a mentor, including your availability, expertise, and limitations.
  • Determine how much time you can commit to the mentorship and what format works best for you (e.g., regular meetings, email exchanges).
  • Establish a communication plan – Think how you communicate with your mentee.
Mentee’s Preparation
  • Define goals:  Clarify what you want to achieve through mentorship, such as career advancement, skill development, or overcoming challenges.
  • Research your Mentor: Learn about your Mentor’s background, expertise, and experiences to understand how they can support your goals.
  • Self-assessment: Reflect on your strengths, weaknesses, skills, and areas for development to better understand your needs and areas where mentorship could benefit you.
  • Set expectations:  Think about the topics you’d like to discuss with your mentor, such as career advice, industry trends, or professional development strategies.
  • Establish a communication plan: Think how you communicate with your mentor.