Call for Mentee Applications: “Guiding Your Journey” Mentorship Program
အသက် (၁၈-၃၅) ကြားလူငယ်များအတွက် တစ်ဦးချင်းMentorshipအစီအစဉ် (One-on-One Individual Mentorship Program) အတွက် လျှောက်လွှာခေါ်ယူခြင်း
မိမိကိုယ်မိမိ ဒီလိုမေးခွန်းမျိုးတွေ မေးမိနေပါသလား? အဲ့တာဆိုရင်ဒီထဲကဘယ်အချက်တွေက လက်ရှိသင့်ရဲ့အခြေအနေနဲ့ ထပ်တူကျနေလဲဆိုတာအရင်စဉ်းစားကြည့်လိုက်ပါ။
● ဒီအလုပ်လုပ်ရင် ဘယ်လိုများဖြစ်မလဲဆိုတာ လေ့လာချင်ပေမယ့် ဘယ်သူကို မေးရမှန်း မသိဘူးဖြစ်နေတယ်။
● ဘ၀ရည်မှန်းချက်ပန်းတိုင် နှင့် Career Goals တွေကိုရှာဖွေဖော်ထုတ်ဖို့ အကူအညီပေးနိုင်တဲ့သူ လိုအပ်နေတယ်။
● မတူညီတဲ့ အသက်မွေးဝမ်းကျောင်းနယ်ပယ်အမျိုးမျိုးကို စိတ်ဝင်စားနေပြီး ဘယ်ဟာက ကိုယ့်အတွက် အကောင်းဆုံးလမ်းကြောင်းလဲဆိုတာ မသိဘူးဖြစ်နေတယ်။
● ကျွန်တော်မှာ အစီအစဉ်(သို) အကြံအဉာဏ်ရှိပေမယ့် ကျွန်တော်နှင့်အတူ အလုပ်တွဲလုပ်ဖို့ စိတ်ဝင်စားတဲ့ သူကို ရှာဖွေချင်တယ်။
● အဆင့်မြင့်ပညာရေးလမ်းကြောင်းစတင်ဖို့ လမ်းစရှာချင်တင် Scholarship တွေလျှောက်ချင်ပေမယ့် ဘယ်ကနေ ဘယ်လိုစတင်ရမယ်ဆိုတာမျိုး မသိနေဘူး လမ်းညွှန်ပေးနိုင်မယ့်သူလိုအပ်နေတယ်။
ဒီလိုအခြေအနေမျိုးထဲက တစ်ခုခုနဲ့ သင့်လက်ရှိအခြေအနေနဲ့ထပ်တူညီကျနေတယ်ဆိုရင်တော့ Mentorနှင့်အတူ အလုပ်တွဲလုပ်ခြင်းက သင်တွက်ထိရောက်တဲ့အကျိုးတစ်စုံတရာရှိလာမည် ဖြစ်သည်။
Areas of Focus:
● Educational Guidance and Support
● Career Development and Guidance
● Leadership and Self-Development
SHEowner သည် အဓိကအားဖြင့် အမျိုးသမီးများ အချင်းချင်း လမ်းညွှန်ပြသမှုနှင့်အတူ အပြန်အလှန် သင်ယူလေ့လာခြင်းမှတစ်ဆင့် အမျိုးသမီးများ စီးပွားရေးဆိုင်ရာ အသိပညာ ဗဟုသုတနှင့် စွမ်းဆာင်ရည်တိုးမြှင့်မားလာစေရန်၊အသက်မွေးဝမ်းကျောင်းဆိုင်ရာများအကောင်အထည်ဖော်လာနိုင်ဖို့ရန် နှင့် တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်ကတည်းက Mentorship Program များကိုလုပ်ဆောင်ပေးလျှက်ရှိသည်။ ဒီတခါမှာလည်း လူငယ်တွေအတွက်ရည်ရွယ်သော (Guiding Your Journey: One-on-One Individual Mentorship) (၄) လအခမဲ့စီမံကိန်းအတွက် လျှောက်လွှာများစတင်လက်ခံနေပါပြီ။ ဤ One-to-One Individual Mentorship Program သည် စဉ်ဆက်မပြတ် လည်ပတ်လုပ်ဆောင်နေသော အစီအစဉ်တစ်ရပ်ဖြစ်၍ မည်သည့်အချိန်တွင်မဆို လျှောက်ထားနိုင်ပါသည်။
လူငယ်တစ်ယောက်အနေနဲ့ အောက်ပါဖော်ပြပါအချက်များလိုအပ်နေပါက ဤစီမံကိန်းတွင်ပါဝင်ပြီး Mentor ရယူပါ။
● ပညာရေးလမ်းကြောင်းဆိုင်ရာ လမ်းညွှန်မှု
● အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကောင်အထည်ဖော်ရန် လမ်းညွှန်မှု
● ခေါင်းဆာင်မှုစွမ်းရည်နှင့် တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှု
● စိတ်လူမှုအထောက်အပံ့ နှင့်
● ကွန်ယက်ချိတ်ဆက်မှု
ဤ One-to-One Individual Mentorship Program တွင် ပါဝင်ရန်
1. Mentee/Mentor လျှောက်လွှာကို စာရင်းသွင်းပါ။
2. SHEowner မှ မိမိ၏ တွဲဖက် Mentee/Mentor ကို ရယူပါ။
3. Mentee/Mentor သဘောတူညီချက်လက်မှတ်ရေးထိုးပါ။
4. Mentoring skills & Guidelines training တက်ရောက်ပါ။
5. (၄) လ လမ်းညွှန်မှု (Mentoring) စတင်ပါ။
6. (၄) လ လမ်းညွှန်မှုဆက်ဆံရေး အဆုံးသပ်ပြီးမြှောက်ခြင်း လုပ်ဆောင်ပါ။
မှတ်ချက်-
● ဤလမ်းညွှန်မှု( mentoring relationship) ဆက်ဆံရေးအတွက် Mentee/Mentor နှစ်ဦးနှစ်ဖက်သည် ကိုယ်ပိုင်အပြည့်အ၀တာဝန်ယူ ကတိကဝတ်များဖြင့်လုပ်ဆောင်ရန်။
● တစ်လလျှင် အနည်းဆုံး (၃) နာရီ အချိန်ပေးရန်။
● Mentee သည် (၄) လတာအတွင်း မိမိတိုးတက်လိုသောအရာအတွက် တိကျသော ပန်းတိုင် (Goal Setting) ချမှတ်ထားရန်။
● ဤစီမံကိန်းသည် မြန်မာဘာသာစကားအခြေခံသော အစီအစဉ်တစ်ရပ်ဖြစ်သည်။
● သင့်အတွက် ကိုက်ညီသော Mentee/Mentor တွဲဖက်ပေးခြင်းလုပ်းငန်းစဉ်အတွက် အချိန်ကာလ (၂ – ၃)ပတ်ခန့်ကြာမြင့်ပြီးနောက် တွက်ဖက်ရလဒ်ရရှိမည်ဖြစ်သည်။